- လိုအပ်နေတဲ့ ဗီတာမင် တွေကိုဖြည့်ဆည်းပေးတယ်
- ကြွက်သားတွေကို တည်ဆောက်ပေးတယ်
- သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်
- အသားအရေပိုင်းဆိုင်ရာ
- ဆံသားနှင့် ခြေသည်းလက်သည်း
- အစာခြေဖျက်ရာတွင် အထောက်အကူပြုခြင်း
ဗီတာမင် တွေကိုဖြည့်ဆည်းပေးတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဗီတာမင်ဓာတ်တွေ လိုအပ်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပါပဲ ပဲပင်ပေါက်ဟာ ဗီတာမင်များစွာပါဝင်နေတဲ့ စားစရာအရာတစ်မျိုးပါ။ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး နဲ့ ကေ ဆိုပြီးတော့ ပါဝင်ပါတယ်။ ဗီတာမင် တစ်ခုချင်းဆီမှာ သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ သူ့ရဲ့ ကောင်းကျိုးကိုယ်စီလုပ်ဆောင်ချက်တွေရှိပါတယ်။ ဒါကြောင့် သင် ကျန်းမာချင်တယ်ဆိုရင်တော့ ပဲပင်ပေါက်ဟာလည်း သင့်အတွက် ကူညီပေးနိုင်တယ်။
ကြွက်သားတွေကို တည်ဆောက်ပေးတယ်
ပဲပင်ပေါက်မှာ ပရိုတင်းဓာတ်ပါဝင်ပါတယ်။ သင့်ကြွက်သားတွေ သန်မာချင်တယ်ဆိုရင်တော့ Work Out လည်းလုပ်၊ တစ်ဖက်ကနေလည်း မိမိစားတဲ့အစာထဲမှာပါ ပဲပင်ပေါက်ကိုပါ ထည့်သွင်း စားသုံးနိုင်ပါတယ်။
သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်
ပဲပင်ပေါက်မှာ ဖော်လစ်အက်စစ်ပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးရမလဲဆိုရင်တော့ ဆဲလ်တွေထုတ်လုပ်တဲ့နေရာမှာ Red Blood တွေကို မြှင့်တင်ပေးပါတယ်။ Red Blood တွေကတော့ သွေးအားနည်းရောဂါကို ကာကွယ်ပေးပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် စားသုံးရန် သင့်ပါတယ်။
အသားအရေပိုင်းဆိုင်ရာ
ကျန်းမာပြီး လှပတဲ့ အသားအရေတွေကို ပိုင်ဆိုင်နိုင်စေဖို့ ဈေးကြီးပေးပြီး Treatment တွေလုပ်ပေးနေစရာမလိုပါဘူး။ သင်သာ အသားအရေလည်းလှချင်တယ် ပိုက်ဆံလည်း မဖြုန်းချင်ဘူးဆိုရင်တော့ ပဲပင်ပေါက်ကို စားသုံးကြည့်ပေးဖို့ ပြောချင်ပါတယ်။ ပဲပင်ပေါက်ထဲမှာ ပါဝင်တဲ့ ဗီတာမင်တွေဟာ သင့်အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး သင့်ရဲ့ အသားအရေ လှပစိုပြေမှုကိုလည်း ထိန်းသိမ်းပေးနိုင်တဲ့အတွက် စားကြဖို့ အကြံပြုပါတယ်နော်။
ဆံသား နှင့် ခြေသည်းလက်သည်း ပဲပင်ပေါက်ရဲ့ တခြား ကောင်းကျိုးတစ်ခုကတော့ သင့်ဆံသား နှင့် ခြေည်းလက်သည်း ကျန်းမာရေးကိုလည်း ကူညီပေးပါတယ်။ ပုံမှန်ဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် တွေ ဇင့်ဓာတ်၊ ပရိုတင်းတွေ မရှိဘူးဆိုရင် ဆံပင် နဲ့ ခြေသည်းလက်သည်းပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုပြဿနာတွေ ကြုံတွေ့နေရပြီးဆိုရင်တော့ ပဲပင်ပေါင်ကိုသာ သတိရလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပဲပင်ပေါက်မှာ ဗီတာမင်တေလည်း ကြွယ်ဝသလို ဇင့်ဓာတ် နဲ့ ပရိုတင်းလည်း ရှိနေတဲ့အတွက်ကြောင့် သင့်ကို ကောင်းကျိုးတွေပေးနိုင်တာမို့ Admin အနေနဲ့ကတော့ စားပေးသင့်တယ်လို့ ယူဆပါတယ်နော်။
အစာခြေဖျက်ရာတွင် အထောက်အကူပြုခြင်း
ပဲပင်ပေါက်တွင် ရှင်သန်နေသော အင်ဇိုင်းများပါဝင်ပြီး အစာကို ထိရောက်စွာ ခြေဖျက်ကာ အစာလမ်း ကြောင်း ၏ အာဟာရဓါတ်များကို စုပ်ယူရန်အထောက်အကူပြုသောကြောင့် အစာခြေဖျက်ခြင်းကို ကောင်းမွန်စေသည်။
အမြင်အာရုံပိုမိုကောင်းမွန်စေခြင်း
ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောကြောင့် မျက်လုံးကို လွတ်လပ် ရယ်ဒီကယ်များမှ အကာ အကွယ်ပေးပြီး ပဲပင်ပေါက်၏ ဗီတာမင် အေသည် မျက်လုံးကို ပိုမိုကောင်းမွန်စေသည်။