သဲအင်းဂူ ဆရာတော်ကြီး ဖြည့်ကျင့်ခဲ့‌သော ပါရမီ

 ♦သဲအင်းဂူ ဆရာတော်ကြီး  ဖြည့်ကျင့်ခဲ့‌သော ပါရမီ♦


***************************


♦ ‌တောင်းခဲ့‌သောဆု♦

♦♦♦♦♦♦♦♦

♦သဲအင်းဂူဆရာတော်ဘုရားကြီးအရှင်ဥက္ကဋ္ဌ၏ တတိယမဂ် ရပြီးတဲ့အချိန်မှာ ဘာကြောင့် သူ ဒီလိုတရားထူး ရတာလဲလို့ ပြန်ဆင်ချင်ကြည့်လိုက်တဲ့ အခါ 

♥ပဒုမုတ္တရဘုရားရှင်လက်ထက်တုန်းက ရှင်ဘုရင်ဖြစ်စဉ် ကုသိုလ် ကောင်းမှုပြုပြီး ဘုရားငယ်ဆုကို ဆုပန်ခဲ့တာကြောင့်လို့ သွားတွေ့ပါတယ်--


♥ဒီဆုပန်ချက်ကြောင့် ဒီဘက်ခေတ် ဂေါတမဘုရားရှင်သာသနာမှာ သဲအင်းဂူဆရာတော်ရယ်လို့ ဖြစ်လာတာပါ- တောင်းခဲ့တာက ဘုရားငယ်ဆုပါ သို့သော် ပါရမီဖြည့်စဉ် သတ္တဝါပဌာန်းဆက်တွေကို ကယ်တင်ချွတ်ချင်စိတ်(ဂရုဏာ)နဲ့ ပါရမီဖြည့်ကျင့်ခဲ့လို့ ရဟန္တာအဆင့်ထိပဲ ရခဲ့တာလို့ ထင်ပါတယ်။ ဘုရားငယ်တာ ဖြစ်ခဲ့ရင် သူကိုယ်တိုင်တာ သိပြီး သူများကို ပြန်လည်ဟောကြားမှာ မဟုတ်တော့ပါဘူးလေ-- 


♥ဒါဆို ဆရာတော်ကြီးက ကမ္ဘာတစ်သိန်းကြီးများတောင် ပါရမီဖြည့်ခဲ့ ရတာနော် -- နဲနဲ နောနော မဟုတ်ဘူးနော်--ကျနော်တို့ နာကြားခွင့်ရဖို့ သူ့ပါရမီတွေကို မကြည်ညိုမလေးစားပဲ မနေနိုင်တော့ပါဘူးဗျာ--


♥ကမ္ဘာတစ်သိန်း ဘယ်လိုရေတွက်မလဲဆိုတာ ဗဟုသုတအဖြစ် ကျနော် ဓမ္မမိတ်ဆွေများဆီမှ ကူးယူလာပါတယ်--


အရှင်နာယက နှင့် ဦးမြင့်ခိုင် တို့အား ရေတွက်ပုံသိရလို့ Credit ပေးပါတယ်-- --


♥လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

****************************************


♥လေးအသင်္ချေ ဆိုသည်မှာ -

♥၁။ သေလ 

♥၂။ ဘာသ 

♥၃။ ဇယ 

♥၄။ ရုစိရ အသင်္ချေ တို့ ဖြစ်ပါသည်။


♥၁။ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာ၏ နောက်ဆုံးပွင့်တော်မူသောဘုရား ဖြစ်သည့် ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရား တို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို #သေလ_အသင်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည်။


♥၂။ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရား တို့အကြား ဘုရားလုံးဝ မပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို #ဘာသ_အသင်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည်။


♥၃။ သောဘိတဘုရားနှင့် အနောမဒဿီဘုရား တို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို #ဇယ_အသင်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည် ။


♥၄။ နာရဒဘုရားရှင်နှင့် မဒုမုတ္တရဘုရား တို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို #ရုစိရ_အသင်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည်။


♥ကမ္ဘာ တစ်သိန်း ဆိုသည်မှာ

-------------------------


♥ပဒုမုတ္တရဘုရား ပွင့်ပြီးနောက် ဘုရားများ ဆိတ်သုဉ်းခဲ့သော ကမ္ဘာပေါင်း " ၇၀,၀၀၀ "


♥သုဇာတဘုရားနှင့် ပိယဒဿီဘုရား အကြား ကမ္ဘာပေါင်း " ၂၈,၂၀၀ "


♥ဓမ္မဒဿီဘုရားနှင့် သိဒ္ဓတ္ထဘုရား အကြား ကမ္ဘာပေါင်း "၁,၇၀၆"


♥သိဒ္ဓတ္ထဘုရားနှင့် တိဿဘုရား အကြား " ၂ " ကမ္ဘာ


♥ဝိပဿီဘုရားနှင့် သိခီဘုရား အကြား ကမ္ဘာပေါင်း " ၁ "


♥ဝေဿဘူဘုရားနှင့် ကကုသန်ဘုရား အကြား ကမ္ဘာပေါင်း "၆၀"


♥ပဒုမုတ္တရဘုရားနောက် ဘုရားပွင့်သော ကမ္ဘာပေါင်း "၃၁"


♥စုစုပေါင်း ကမ္ဘာတစ်သိန်း ဖြစ်ပါသည်။


စာကြွင်း

--------

♥- တစ်သင်္ချေ = " ၁ " ၏ အနောက်တွင်

 " ၀ " ပေါင်း " ၁၄၀ " ရှိ

                         သည့် ရေတွက်နိုင်သောကိန်း

♥- အသင်္ချေ = ရေတွက်နိုင်ခြင်း မရှိအောင် များပြားသောကိန်း



မေတ္တာဖြင့် - သန့်ဇင် ပြန်လည်မျှဝေပါသည်

♥Si mar♥

Crid So Ma