ကျန်းမာရေးအတွက် တွက်ချက်စားသောက်ဖို့

 

Healthy Eating Plan


အစားအသောက်ရွေးစားတဲ့အခါ  calorie ကိုတွက်ချက်စားပါ။

🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်

🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။

စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်

အီကြာကွေးကြတော့ 314 cal ပါ။


စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး

cal တွက်ချက်စားပါ 😊😊😊


ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်

သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။

အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။

ကိုယ်စားတဲ့ အစားအသောက်ကို

cal တွက်ချက်စားခြင်းဖြင့် 

ဝိတ်လျှော့ကြရအောင် 😍


ကယ်လိုရီတန်ဖိုးများ

----------------------

🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯

ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ

ခေါက်ဆွဲခြောက်တထုပ်       - ၂၀၀ ကယ်လိုရီ

ပြောင်းဖူးတဖူး         - ၁၃၀ ကယ်လိုရီ

အာလူးတလုံး          - ၇၀ ကယ်လိုရီ

ပေါင်မုန့်တချပ်         - ၃၀ ကယ်လိုရီ

ချပါတီတချပ်            - ၈၀ ကယ်လိုရီ

နံပြားတချပ်              - ၉၀ ကယ်လိုရီ

cracker                  - ၁၆ ကယ်လိုရီ

ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ

မုန့်တီတပွဲ                 - ၃၀၀ ကယ်လိုရီ

သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ

ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ


🥩🍗🍖အသားဓာတ် (protein)🍖🍗🥩

ကြက်ပေါင်                          - ၁၃၅ ကယ်လ်ုရီ

ကြက်ရင်အုပ်                        - ၁၆၅ ကယ်လိုရီ

ဝက်သား(လက်တဖဝါးစာ)       - ၂၅၀ ကယ်လိုရီ

အမဲသား(လက်တဖဝါးစာ)        - ၂၅၀ ကယ်လိုရီ

ဘဲသား(လက်တဖဝါးစာ)          - ၃၃၀ ကယ်လိုရီ

ဆိတ်သား(လက်တဖဝါးစာ)       - ၂၁၀ ကယ်လိုရီ

ငါးကြင်းတကောင်                   - ၂၈၀ ကယ်လိုရီ

ငါးခူးတကောင်                       -  ၁၁၀ ကယ်လိုရီ

ကြက်ဥတလုံး                         - ၈၀ ကယိလိုရီ

ငုံးဥတလုံး                               - ၁၅ ကယ်လိုရီ


🧀🧈အဆီဓာတ် (fat )🧈🧀

ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ

ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ

နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ

သစ်ကြားသီးတလုံး        - ၂၅ ကယ်လိုရီ


🥭🍇🥑သစ်သီး🍇🥭🥑

ပန်းသီး        - ၉၀ ကယ်လိုရီ

လိမ္မော်သီး    - ၆၀ ကယ်လိုရီ

ငှက်ပျောသီး  - ၁၀၀ ကယ်လိုရီ

သစ်တော်သီး - ၁၀၀ ကယ်လိုရီ

သရက်သီး    - ၁၃၀ ကယ်လိုရီ

သခွားသီး      - ၄၅ ကယ်လိုရီ

နာနတ်သီး    - ၄၅၀ ကယ်လိုရီ

စပျစ်သီး        -  ၃ ကယ်လိုရီ

စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ

ကြက်မောက်သီး - ၇ ကယ်လိုရီ

ရှောက်သီး     - ၂၅ ကယ်လိုရီ

သံပုရာသီး     -  ၂၀ ကယ်လိုရီ

ဖရဲသီး          - ၁၃၇၀ ကယ်လိုရီ

ရွှေဖရုံသီး      - ၃၀၀ ကယ်လိုရီ

ဂရိတ်ဖရု       - ၁၀၀ ကယ်လိုရီ

သလဲသီး        - ၇၀ ကယ်လိုရီ

မာလကာသီး - ၄၀ ကယ်လိုရီ

ထောပတ်သီး - ၂၄၀ ကယ်လိုရီ

(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)


🥬🍅ဟင်းသီးဟင်းရွက်🍅🥬

ခရမ်းချဉ်သီး           - ၂၀ ကယ်လိုရီ

ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ

ကြက်သွန်နီတလုံး   - ၄၀ ကယ်လိုရီ

ခရမ်းသီး                - ၃၅ ကယ်လိုရီ

မုန်လာဥနီတတောင့်  - ၄၀ ကယ်လိုရီ

ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်)    - ၈၀ ကယ်လိုရီ

ဟင်းနုနွယ်(၁၀၀ဂရမ်)   - ၂၅ ကယ်လိုရီ

ပန်းမုံလာ(၁၀၀ဂရမ်)     - ၂၅ ကယ်လိုရီ

ကိုက်လန်(၁၀၀ဂရမ်)-     ၅၀ ကယ်လိုရီ

ကညွတ်တချောင်း       - ၃ ကယ်လိုရီ

(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)


🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻

နွားနို့တခွက်      - ၁၂၀ ကယ်လိုရီ

ဒိန်ချဉ်တခွက်          - ၁၄၀ ကယ်လိုရီ

ကိုလာ(သံဗူး)           - ၁၄၀ ကယ်လိုရီ

ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ

ရေခဲမုန့်တခွက်       - ၁၃၀ ကယ်လိုရီ

အုန်းရည်တခွက်       - ၅၀ ကယ်လိုရီ

ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ

ကော်ဖီတခွက်         - ၅၀ ကယ်လိုရီ

လက်ဖက်ရည်         - ၇၀ ကယ်လိုရီ

ကျွဲရိုင်းတဗူး               - ၁၁၀ ကယ်လိုရီ

အရက်တခွက်(45ml)   - ၁၀၀ ကယ်လိုရီ

ဘီယာတခွက်           - ၂၀၀ ကယ်လိုရီ

ဘီယာသံဗူး              - ၁၅၀ ကယ်လိုရီ

ဝိုင်တခွက်(150ml)    - ၁၂၀ ကယ်လိုရီ


(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။

🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။ 

🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။ 

🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး  ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)


Health