PoE နဲ့ ပတ်သက်ပြီးသိသင့်တာတွေ.........

 PoE နဲ့ ပတ်သက်ပြီးသိသင့်တာတွေ.........



IoT Device တွေ အသုံးပြု တာ တွင် ကျယ်လာ တာ နဲ့ အတူ PoE ရဲ့ အရေးပါပုံ က လည်းတွင် ကျယ်လာတယ်လို့ မြင် ပါတယ်။အဲ တော့ PoE အကြောင်းကိုယ်နားလည် သလောက် Sharing လုပ်ပေးချင်ပါတယ်.


✔PoE (Power Over Ethernet) ဆို တာ ဘာ လဲ?


PoE ရဲ့ အလုပ်က တော့ Ethernet line ပေါ်က နေမှ တဆင့် PoE Supported Device တွေ ဖြစ်တဲ့ Access Point,CCTV, Access Control and other PD Device.… တွေ ကို Power ပေးတာ ဖြစ်ပါတယ်။


✔PoE အနေနဲ့ က တော့ Active PoE နဲ့ Passive PoE ဆို ပြီးနှစ်မျိုးရှိပါတယ်။


>Active PoE ဆို တာ က တော့ Power sourcing equipment (PSE) – Power sender လို အသိများတဲ့ Power ပေးပို့ တဲ့ ဖက် က နေ Powered Device (PD)- Power Receiver ကို အရင် ဆုံး Detect လုပ်ပါတယ်။အကယ်လို ချိတ်လိုက်တဲ့ Device က Non-PoE Device (PC / server / printer) ဖြစ်ခဲ့ ရင် power မထုတ်ပေးပါဘူး. အကယ်လို များ လာ ချိတ်တဲ့ Device က PoE ကို Support  ဖြစ်ခဲ့ ရင် Power လက်ခံ မဲ့ PD နဲ့ Power ဘယ်လောက်လို လဲ ဆို တာ ကို အချင်းချင်း Nego လုပ်ပြီး ဟို ဖက် က တောင်းတဲ့ Power Budgets အတိုင်း ပြန်ချပေးပါတယ်။


>Passive PoE ကြတော့ အဲ လို မဟုတ်ပြန်ဘူး...Passive PoE ကို သုံးမယ်ဆို Passive PoE အနေနဲ့ PD Device ကို လည်း Auto Detect လုပ်မှာ မဟုတ် တော့ ပဲ သူ့မှာ ဘယ်သူပဲ လာချိတ်ချိတ် Power ထုတ်ပေးနေမှာ ဖြစ်ပါတယ်။ဆို လို တာ က Auto Detect မလုပ်သလို Nego လည်းမလုပ်ပါဘူး။ Power လို ချင်ချင် မလို ချင်ချင် Power ရနေမှာ ဖြစ်ပါတယ်။

အို ကေ ဗျာ အဲ ‌လောက်ဆိုရင် တော့ တော် တော် သဘော ပေါက်လောက်ပြီထင်ပါတယ်။တစ်ချိန် PoE နဲ့ ပတ်သက်လို့ အဝယ်မမှားရလေအောင် သေချာ ပြောပြထားပေးပါတယ်။



✔IEEE PoE Standard တွေ အနေနဲ့ က တော့


IEEE 802.3af ကို တော့2003အစောပိုင်း လောက် က Lunch  လုပ်ခဲ့ပြီး (Type 1) PoE လိုလဲအသိများပါတယ်။ Power Budget က တော့ 15.4 W ရရှိနိုင်ပါတယ်။

အရင် တုန်းက Device တော် တော်များများ 15 W ‌လောက်ရရင် ကို ပဲ ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။နောက်ပိုင်း VoIP ဖုန်းတွေ အနေလည်း Grow up ဖြစ်လာ တာ နဲ့အတူ Screen Size တွေ လည်း ပိုပြီး ကြီးတာ တွေ ကို ထုတ်လာပါတယ်။အဲ တော့ ဆို လို တာ က တော့ ဗျာ

နောက်ပိုင်း နည်းပညာမြင့်မားလာတာနဲ့ တူ တစ်ချိန်က လုံ လောက်ပါတယ်ဆို တဲ့  Device တွေ က 15 W လောက်ကို မလုံမလောက်တွေ ဖြစ်လာ ပါတယ်။အဲ ကနေစပြီး PoE Evolution ‌တွေ အရ .....


2009 ခုနှစ်လောက်မှာ IEEE 802.3at ထုတ် လာ ပြီး PoE+ လို့ လူသိပို များလာ ခဲ့ တဲ့ (Type 2) PoE တစ်ခုဖြစ်ပါတယ်။ သူရဲ့ Power Budget ကတော့ 30 W ‌လောက်ထိ ကို ရရှိလာပါတယ်။Backward compatible လည်းဖြစ်ပါတယ်။PTZ Camera, Access Control, POS, IP Security Cameras,802.11ac တွေ မှာ ကောင်းကောင်း သုံးနိုင်လာပါတယ်။ဒါ တင် မပြီးသေးတော့ သူနဲ့ မလုံလောက်တဲ့ အခြေ အနေတွေ မှာ


2011 ဝန်းကျင် လောက်မှာ တော့ 4-Pair IEEE 802.3bt ကို ထပ်မံမိတ်ဆက်လာ ပြီး PoE++ ဆို ပြီး လူသိများပြီး (Type 3) PoE အမျိုးအစားတစ်ခု ဖြစ်လာပါတယ်။ Power Budget က တော့ 802.3at ရဲ့ နှစ်ဆ တက်လာပါတယ်။ 60W အထိတောင် support လုပ်လာနိုင်တဲ့ အတွက် power budget များများလို အပ်တဲ့ Digital Signage, Nurse Call system, video conferencing system components, building management devices, TVs တွေ ကို သုံးနိုင်လောက်အောင် Power Support လုပ်လာ နိုင်ပါတယ်။ အဲ လို နဲ့ ပဲ


2017 လောက်မှာ (Type 4) IEEE 802.3bt(4-Pair) က Power Budget 100 W ထိPSE တွေ က ထုတ် ပေးနိုင်လာပါတယ်။

Pure Copper ဖြစ်လေ PSE က ထွက် လာ တဲ့ Power နီးပါးလောက် သယ်နိုင်မှာ ဖြစ်ပါတယ်။အဲ တာ ကြောင့် ကိုယ်သုံးမဲ့ ကြိုးအမျိုးအစားပေါ်လည်း depend အရမ်းဖြစ်သလို Cable Length ပေါ်လည်းအများကြီး မူတည် ပါတယ်။



✔Note:


Active PoE

စျေးကွက်ထဲ မှာ ဆို ရင် 802.3af/at support လုပ်တဲ့ Switch တွေ လည်းအလွယ်တကူ ရှာ ဝယ်လို့ ရပါတယ်။ဒါပေမဲ့ ကိုယ် Power လက်ခံ တဲ့ ဖက် က လည်း 802.3af/at Support လုပ်ဖို့ လို ပါသေးတယ်။


Passive PoE

သူ့ မှာ က တော့ သတိပြု ရမှာ က ကိုယ်သုံးမည့် Device က PoE တော့ လက်ခံတယ်။ ဒါပေမဲ့ Active ကို Support မလုပ်တာတွေ ရှိတက်ပါတယ်။ Passive PoE injector နဲ့ မှ အလုပ်လုပ်တာ တွေ ရှိပါတယ်။မဝယ်ခင် spec ရှာ ဖက် ပါ..Installation လုပ်ခါနီးမှ တိုင်ပတ်တာတွေ ရှိတက်ပါတယ်။နောက်တစ်ခု က တော့ အပေါ်မှာပြောခဲ့ သလို Passive PoE က Power ကို အမြဲ supplyလုပ်နေတာ ကြောင့် လက်ခံမည့် Device နဲ့ Voltage တွေ အပေးအယူမျှဖို့ တအားအ‌ရေးကြီးပါတယ်။ အဲ လို မှ မဟုတ် ဘူးဆို ရင် တစ်ချို့ Device တွေမှာ fully function အလုပ်လုပ်မှာ မဟုတ် ပါဘူး။ တချို့ Device တွေ ဆို ပျက်စီးနိုင်တဲ့ အထိဖြစ်တက်ပါတယ်။



အသေးစိတ်သိချင် ရင် တော့ 


https://en.wikipedia.org/wiki/Power_over_Ethernet


သင်ဆရာ မြင်ဆရာ အားလုံးကို ကျေးဇူးတင်ပါတယ်။


crd