What is Cisco?

 What is Cisco?(ဆစ်စကို)



Cisco ဆိုတာ Networking နှင့် Communication

 နည်းပညာအပိုင်းတွေနှင့်ပက်သက်ပြီး ဒီဇိုင်းပြုလုပ်ခြင်း၊

၎င်းနည်းပညာနှင့်ပက်သက်ပြီး ပစ္စည်းများပြုလုပ်ရောင်းချခြင်း

ဝန်ဆောင်မှုများပေးခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်တဲ့

အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ 

San Jose မြို့မှာ အခြေစိုက်တဲ့ Cisco ဟာ ဝန်ထမ်းအင်အားပေါင်း ၆၆၀၀၀ ကျော်နဲ့ နိုင်ငံတော်တော်များများမှာ ရုံးခွဲများ ဖွင့်လှစ်လုပ်ကိုင်နေတဲ့အဖွဲ့အစည်းကြီးတစ်ခုပါ။ ၂၀၀၈ ခုနှစ်မှာဆိုရင်သူ့ရဲ့တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၉ဘီလီယံ အထိရှိပါတယ်။


Standford University Computer Operation Dept မှာ တာဝန်ထမ်းဆောင်လျက်ရှိကြသော Len Bosack,

Sandy Lerner တို့လင်မယားနှစ်ယောက်တို့က Richard Troiano ဆိုသူနှင့် ပူးပေါင်းကာ Cisco System ကို ၁၉၈၄ ခုနှစ်မှာ တည်ထောင်ခဲ့ကြပါတယ်။ Cisco ဆိုတာ 

ကယ်လီဖိုးနီးယားပြည်နယ် ထဲက မြို့တစ်ခုဖြစ်တဲ့ 

San Francisco ရဲ့မြို့နာမည်ထဲက Cisco ကိုယူထားခြင်း ဖြစ်ပါတယ်။ Cisco ရဲ့ ပထမဦးဆုံးသော Product က Multiple Protocol Router Software ဖြစ်ပါတယ်။ 

တကယ်တော့ ဒါဟာ Standford က ဝန်ထမ်းတစ်ဦးဖြစ်တဲ့ William Yeager ကရေးသားခဲ့ခြင်းသာဖြစ်ပါတယ်။ William Yeager ဟာနောက်ပိုင်းမှာတော့

 Sun Microsystem ကိုရောက်ရှိသွားခဲ့ပါတယ်။ 


ဒီ William Yeager ရေးသားခဲ့တဲ့ Multiple Protocol Router Software ကို Bosack က သင့်လျော်အောင် ပြန်လည်ရေးသားခဲ့တာဖြစ်ပါတယ်။ တကယ်တော့လည်း Router

 တွေကိုထုတ်လုပ်ပြီး ရောင်းချခဲ့တယ်ဆိုတဲ့အဖွဲ့အစည်းတွေထဲမှာ 

Cisco ဟာ ပထမဦးဆုံးတော့ မဟုတ်ပေမယ့်လည်း Multinetwork Protocol ကို Support လုပ်တဲ့ Router တွေကို စီးဟွားရေးအရ အောင်မြင်စွာရောင်းချနိုင်ခဲ့တဲ့ ပထမဦးဆုံးအဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ 

သို့ပေမယ့်လဲ Internet Protocol (IP) ကို အသုံးပြုမှုပိုမို 

ကျယ်ပြန့်လာတဲ့အခါမှာတော့ Multi Protocol Routing 

တွေရဲ့အသုံးပြုမှုဟာ နည်းပါးသွားပါတော့တယ်။ဆိုတော့ကား ယနေ့ခေတ် Cisco ရဲ့ ကြီးမားတဲ့ Routerတွေကို အဓိက

 အသုံးပြုနေခြင်းဟာ IP Packets တွေကို ပို့ဆောင်ပေးနေ

ခြင်းပဲမဟုတ်ပါလား။ ၁၉၉၀ မှာ Cisco ကိုတည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ Bosack က Cisco မှထွက်ခွာသွားပြီး Lerner 

လည်းအလုပ်ကထွက်ခဲ့ရပါတယ်။ အဲ့ဒီနောက် လင်မယား

နှစ်ယောက်ဟာလဲ နောက်ပိုင်းမှာ ကွာရှင်းပျက်စဲလိုက်ကြတယ်။

အဲ့ဒီလိုနဲ့ပေါ့ဗျာ ၂၀၀၀ခုနှစ်ထဲမှာ (. com) တွေခေတ်စားလာတဲ့  အချိန်မှာတော့ Cisco ဟာ ကမ္ဘာပေါ်မှာ တကယ့်ကိုတန်ဖိုးရှိလှ တဲ့ တန်ဖိုးလဲကြီးလှတဲ့ အဖွဲ့အစည်းအဖြစ်ကိုရောက်ရှိခဲ့ပါတော့တယ်။ သိတယ်မဟုတ်လား။

Cisco ဟာ Routing ပိုင်းသာမကဘဲ အခြားသော Network ပိုင်းဆိုင်ရာ ပစ္စည်းတွေရဲ့စျေးကွက်ထဲကိုပါ

ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဥပမာပြောရမယ်ဆိုရင်ဖြင့် _

၁။ Ethernet Switching

၂။ Remote Access

၃။ Branch Office Router

၄။ ATM Networking 

၅။ IP Telephony နှင့်

၆။ Security တို့ဖြစ်ပါတယ်။ အခြားသောအပိုင်းလေးတွေလဲရှိပါသေးတယ်။

၂၀၀၃ ခုနှစ်မှာ Cisco ဟာ Networking နှင့် ပက်သက်တဲ့ 

ပစ္စည်းတွေကိုထုတ်လုပ်ရောင်းချတဲ့မှာ နာမည်လဲကြီးတဲ့အပြင် Home Networking စျေးကွက်ကို ဦးဆောင်သူလဲဖြစ်တဲ့ Linksys ကို ဝယ်ယူခဲ့ပါတယ်။ ဒီ့မတိုင်ခင်တုန်းကလဲ 

ဝယ်ယူမှုတွေအများကြီးရှိခဲ့ပါတယ်။တကယ်တမ်းစီးဟွားရေး 

လောကမှာ ကိုယ်ကိုယ်တိုင်တီထွင်နေမယ့်အစား တီထွင်ထားမှု ကောင်းမွန်တဲ့ ကုမ္မဏီ သို့မဟုတ် နည်းပညာများကို ကုမ္မဏီကြီး 

တွေက ဝယ်ယူတက်တဲ့သဘောရှိပါတယ်။ အခုလဲဒီလိုပါပဲ။ 

သို့ပေမယ့် Cisco ရဲ့ ဝယ်ယူမှုတိုင်းကတော့ အောင်မြင်ခဲ့တာ

တော့ မဟုတ်ပါဘူး။ 

ဒီ ကုမ္မဏီရဲ့ ပထမဦးဆုံး CEO နှစ်ယောက်ကတော့ John Morgride နှင့် John Chambers ပဲဖြစ်ပါတယ်။ လက်ရှိ CEO ကတော့ John Chambers ပဲဖြစ်ပါတယ်။



crd 

#အောင်လင်း

Shared By Telecom Network In Brief