နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်က နတ်ရုပ်ကြီးကို တံတားလုပ်တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်......?
လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ် ၊
ပုံပြင်ကလေးက ဒီလို.....
တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ်
နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီး ၊
တနေ့တော့ လူတေယာက္က မြောင်းဘောင်အတိုင်း လျှောက်လာပြီး
ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ် ၊ အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။
ညက မိုးရွာထားတာကိုး ၊ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့ ၊ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ ၊
ပြီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆြဲခ်လာ၊ မြောင်းပေါ်ခွကျော်ပီး ခ်၊
ပီးမွ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပြီး မြောင်းကို ကူးသွားတယ် ၊
ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့ ၊
သိပ်မကြာလိုက်ပါဘူး ၊ လယ်သမားကြီးတယောက် ရောက်လာတယ် ၊
သူကေတာ့ နတ်ရုပ်ကြီးမျက်ခွက်မှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့တော့..
မျက်စေ့တောင် ဟခနဲ ဖြစ်သွားပီး မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ ခပ််၊ နတ်ရုပ်ကြီးကိုဆေး၊
မနိုင့်တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ် ။
အဲ့မှာ မထီမဲ့မြင်လုပ်တယ်ဆိုပီး နတ်ကြီးက ဖမ်းစားသတဲ့ ၊ ဘယ်သူ့ကိုလဲဆိုတော့..
သူ့ကို နတ်ကွန်းထဲ ပြန်ထားတဲ့ လယ်သမားကြီး ကို၊ သူ့ကို ချနင်းသွားတဲ့ လူကို မဟုတ်ဘူး။
နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပြီး မပင့်မလျှောက်လို့တဲ့၊
နတ်ဆရာတွေက ဒီလိုဟောလို့ လယ်သမားကြီးက ဝက်ပေါ်ပြီး ပူဇော်ရသတဲ့ ၊
ဒါနဲ့ သူ့သူငယ်ချင်းနတ်တွေက အဲ့နတ်ကိုဝိုင်းလှောင်ကြတယ်-
မင်းကွာ မင့်ကို တက်နင်းသွားတဲ့ ကောင်တော့ ဖမ်းမစားရဲဘူး ပေါ့ ၊
ဟ..ငါ့ကိုမရိုမသေမကြောက်မရွံ့လို့မှ မျက်ခွက်တောင် ဖနောင့်နဲ့ပေါက်သွားတဲ့လူကို
ငါကသွားကိုင်ရင် မကြောက်ရွံ့တဲ့အပြင် ငါ့နတ်စင်ပါတောင်အမှုန့်ကြိတ်သွားမှာပေါ့..
သူငယ်ချင်းနတ်တွေက ဒါဆိုမင်းကိုရိုသေကြောက်ရွံ့တဲ့လူကိုပဲအမိအရကိုင်လိုက်တာပေါ့
ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပီးပြန်ပြောသတဲ့ ၊
ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား၊ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်တဲ့ ၊
တချို့တွေက သူတို့အခွက်ကို တက်နင်းတဲ့ ကောင်တွေနဲ့ပဲ တန်တယ်။