"ထိုင်း(သို့မဟုတ်)
မြန်မာနိုင်ငံတော်၏ ပိုင်နက်"
ယနေ့ ထိုင်းနိုင်ငံ ဖြစ်မလာမီ ပုဂံခေတ်နှောင်းဆီကို
ပြန်လည် ရှုကြည့်မယ်ဆိုရင် ထိုင်း ဆိုတဲ့ အမည် ဖြစ်
လာတာဟာ AD-1275 နရသီဟပတေ့ လက်ထက်တွင်မှ
ဖြစ်ပါတယ်။ AD-1275 မှာ "ဆူခိုထိုင်း"ဟာ အခြား
တိုင်းပြည်များနည်းတူ ပုဂံအင်ပါယာ လက်အောက်ကနေ ခွဲထွက်ပြီး နိုင်ငံပြု ခြားနားပါတယ်။ အဲဒီ အချိန်ကာလ အယုဒ္ဓယဆိုတာ မရှိသေးပါဘူး။ ဆူခိုထိုင်းကလည်း
သီးခြားနိုင်ငံပြု သလို ဇင်းမယ်၊ လင်းဇင်း၊ လဝိုက်၊
မျက်နှာမည်း၊ မုတ္တမ၊ ပဲခူး၊ ဓညဝတီ၊ မြောင်းမြ၊ ဒဂုံ၊
မိုးညှင်း၊ အုန်းဘောင်၊ မဏိပူရ၊ ပဋိက္ကရား စတာတွေလည်း
နိုင်ငံခြားလို့ မင်းပြုကြတာပါ။ ထိုင်းတွေ မင်းဆက်ဆိုတာ
ဘာမှန်းမသိ နိုင်ငံတော်ဆိုတာ ချိုသည်ခါးသည် မသိချိန်
က ခမာတွေ လက်အောက်မှာ အနှိပ်စက်ခံ လူမျိုးစု ဘဝနဲ့
သာ နေရတာဖြစ်ပါတယ်။ ခမာတွေကို အနော်ရထာ
တိုက်ခိုက်သိမ်းပိုက်လို့ ခမာအင်ပါယာပြိုကွဲသွားတဲ့အခါ
ထိုင်းတွေဟာ အဖိအနှိပ်မရှိ အေးချမ်းစွာနေကြရပါတယ်။
ဟာဗေးရဲ့ ယိုးဒယားရာဇဝင်မှာ အနော်ရထာဟာ ခမာ
အင်ပါယာကို သိမ်းပိုက်အောင်မြင်ကြောင်း၊ အနော်ရထာ
ကျေးဇူးကြီးမားကြောင်း ယိုးဒယားရာဇဝင်ဟောင်းမှာ
ရေးသား ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကိုတော့
ယိုးဒယားတွေဟာ ဘယ်တော့မှ ထုတ်ဖော်ပြသမှာ
မဟုတ်ပါဘူး။ ဒါကြောင့် ယိုးဒယားရာဇဝင်သစ်မှာ
ထိုင်းတွေဟာ ကိုယ့်အားကိုယ်ကိုး လူဖြစ်လာသယောင်
ရေးထားကြတာပါ။ မြန်မာ့လက်ရာ စုလစ်မွတ်ချွန်
မြို့ရိုး ပြဿာဒ် ကနုတ် အဆောက်အအုံ ဒီဇိုင်း အချိုး
တွေနဲ့ တည်ဆောက်နေထိုင်နေကြတာကိုတောင် အားမနာနိုင်ပါဘူး။
ထီးနန်းဆိုတာသိဖို့ဝေးလို့ အနုပညာဆိုတာတောင်
ဘာမှန်းမသိဘဲ ခမာတွေရဲ့ လက်အောက်မှာ အဖိနှိပ်ခံ
နေခဲ့ရတဲ့ အဲဒီ Tai မျိုးနွယ်စု ထိုင်းတွေဟာ အနော်ရထာ
လက်ထက်မှာ ပုဂံကို အရောက်အပေါက်ရှိလာခဲ့ပါတယ်။
ပုဂံကို အရောက်ပေါက်ရှိလာတော့မှ ခမ်းနားလှပတဲ့
နန်းတော် ပြဿာဒ် မြို့ရိုး ပစ္စင် ရင်တား ကျုံး မြောင်း ပြအိုး စုလစ်မွတ်ချွန် စိန်တောင် ပန်းခက် အနုအရွအလှအပ ကနုတ် စသဖြင့် မြန်မာ့ယဉ်ကျေးမှု လက်ရာတွေနဲ့
နိုင်ငံတော်အုပ်ချုပ်စီမံ ခန့်ခွဲမှု အတတ်ပညာတွေ၊ စစ်ရေး
အတတ်ပညာတွေ ဓားခုတ် လှံထိုး ဆင်စီး မြင်းစီး
အဆင့်မြင့် စစ်ပညာရပ်တွေကို မြင်တွေ့ သိရှိ သင်ကြားခွင့်
ရလာကြပါတော့တယ်။ ပုဂံက မြန်မာမှု ဒီဇိုင်းတွေ
ကနုတ်တွေ ကို ကူးယူ ရေးဆွဲပြီး ပုဂံခေတ် မြန်မာ့ယဉ်
ကျေးမှု ပုံသဏ္ဍာန်အတိုင်း နေထိုင်ကြပါတယ်။
ထိုင်းတွေရဲ့ ပထမဆုံး သူခိုးလူဟစ်တာကတော့
ပုဂံက ကူးယူသွားတဲ့ ပုဂံကနုတ်တွေကို ယိုးဒယားကနုတ်
ပါဆိုပြီး လုပ်ပစ်တာပါပဲ။ အနော်ရထာ မတိုင်မီအထိ
ကနုတ်ဆိုတာ ချိုနဲ့လား မေးရလောက်အောင် ဘာယဉ်
ကျေးမှု မှ မရှိခဲ့တဲ့ ထိုင်းတွေဟာ ပုဂံပန်း ပုဂံကနုတ်
တွေကို ယိုးဒယားပန်း ယိုးဒယားကနုတ် လုပ်ပစ်ပြီး
မြန်မာကို ကျေးဇူးကန်းခဲ့ပါတယ်။ ပုဂံပန်း ပုဂံကနုတ်တွေ
တိမ်ကောသွားတဲ့ ကုန်းဘောင်ခေတ်မှာတော့ ယိုးဒယားက
ပုဂံကနုတ်တွေကို ပြန်ကူးလာပြီး ယိုးဒယားပန်း ယိုးဒယား
ကနုတ်ဖြစ်သွားပါတော့တယ်။ အယုဒ္ဓယ ခေတ်ကနေ
ယခုလက်ရှိအထိ သုံးနေတဲ့ အဆောက်အဦ ဒီဇိုင်းတွေဟာ
တကယ်တော့ ပုဂံခေတ်ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။
မြန်မာတွေကတော့ ခေတ်တစ်ခုပြောင်းတိုင်း လက်ရာ
အသစ်ပြောင်းကြပါတယ်။ ဒါကြောင့် ပုဂံပြီးနောက်မှာ
မြင်စိုင်းပင်းယခေတ် လက်ရာ၊ ပထမ အင်းဝခေတ်
လက်ရာ၊ တောင်ငူခေတ်လက်ရာ၊ ညောင်ရမ်းခေတ်
လက်ရာ၊ ကုန်းဘောင်ခေတ် လက်ရာ စသဖြင့်
ခေတ်တစ်ခုပြောင်းတိုင်း အနုပညာလက်ရာတွေ တိုးတက်
တီထွင် အသစ်အသစ် ပြောင်းလဲပါတယ်။ ယိုဒယားတွေက
တော့ နကိုယ်ကတည်းက ၎င်းတို့ မူပိုင် အနုပညာမဟုတ်
ဘဲ မြန်မာ့ လက်ရာကို ခိုးချထားတာ ဖြစ်တာကြောင့်
ပုဂံခေတ်လက်ရာတွေကနေ ယခုအထိ အသစ်တီထွင်
နိုင်စွမ်း လုံးဝ မရှိခဲ့ပါဘူး။ အဆောက်အအုံတွေရဲ့
အမိုးဒီဇိုင်းတွေနဲ့ ကိုယ်ထည် အချိုးတွေဟာ နောက်ပိုင်းမှ ထိုင်း သဘာဝ အနည်းငယ် ပါလာခဲ့ပေမယ့် ဒီဇိုင်းပုံစံဟာ ပုဂံခေတ်ဒီဇိုင်းတွေသာ ဖြစ်ပါတယ်။ မြန်မာ့ စုလစ် မွတ်ချွန် ပြဿာဒ်နဲ့ စိန်တောင် ပန်း ကနုတ်ဒီဇိုင်း တွေဟာ
ကမ္ဘာမှာ မြန်မာတစ်ခုပဲ ပြုလုပ်တဲ့ မြန်မာ့ယဉ်ကျေးမှု
စစ်စစ်ဖြစ်ပါတယ်။ အဲဒီ လက်ရာတွေ ရှိနေတဲ့ နိုင်ငံ
တွေဟာ ပုဂံခေတ်မှာ မြန်မာ့ပိုင်နက်နိုင်ငံ နယ်နိမိတ်
တွေ ဖြစ်တာကြောင့် မြန်မာ့ ယဉ်ကျေးမှု အတိုင်း
နေထိုင်ကြပါတယ်။ နောက်ပိုင်းမှာ အခြားနိုင်ငံများက
၎င်းတို့ ကိုယ်ပိုင် ယဉ်ကျေးမှုကို တီထွင်နေထိုင်နိုင်
ခဲ့ပေမယ့် ထိုင်းကတော့ အခုအထိ မြန်မာ့ ယဉ်ကျေးမှု
ကို ခိုးယူသုံးစွဲပြီး နေထိုင်နေတုန်းပါ။ အုပ်ချုပ်ရေးအရ မြန်မာ့လက်အောက်မှာ မနေရတော့ပေမယ့် ယဉ်ကျေးမှု
အရ မြန်မာ့လက်အောက်မှာ နေရတာ အရသာတွေ့နေပုံ
ပါပဲ။ ဒါပေမယ့် ထိုင်းတွေဟာ ယဉ်ကျေးမှု ပုံတူကူးယူ
လက်အောက်ခံ အဖြစ်နေထိုင်တာကို ဝန်မခံရုံမျှမက
မြန်မာ့ယဉ်ကျေးမှု တွေကို သူတို့ယဉ်ကျေးမှု ဖြစ်ပါတယ်
ဆိုပြီး ဗြောင်လိမ်ကြတာ ပုသိမ်ထီးကို သူတို့က စတာပါ
ဆိုတာက သက်သေပါပဲ။ တောင်ငူခေတ်နဲ့ ကုန်းဘောင်
ခေတ် လက်ရာတွေ ဝတ်စားဆင်ယင်မှု တွေကို ပုံတူကူး
ခိုးချပြီး ထိုင်း အနုပညာလက်ရာတွေဖြစ်ပါတယ်လို့လည်း
လုပ်နေကြပါပြီ။ ဒါပေမယ့် လက်ရာခေတ်ပြောင်း တီထွင်
မှု ကို မလိုက်နိုင်တဲ့ ထိုင်းတွေဟာ မြန်မာ့လက်ရာတွေကို
ဘယ်လိုပဲ ပုံတူကူးချပြီးခိုးခိုး မူလ ပုဂံလက်ရာခိုးကူးမှု
ရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်သေးပါဘူး။ ဒါဟာ
ဘာကိုပြနေသလဲဆိုရင် ထိုင်းတွေဟာ မြန်မာမှုကို
ခိုးယူထားတာဖြစ်ပြီး ၎င်းတို့ရဲ့ မူလဘူတ အနုပညာ
လက်ရာတွေ မဟုတ်တာကြောင့် ပြောင်းလဲဆန်းသစ်တဲ့
မြန်မာမှုတွေကို မကျွမ်းကျင် မနိုင်နင်းဘဲ မူလ ကူးယူ
သွားတဲ့ ပုဂံဒီဇိုင်းအချို့ အပေါ်မှာသာ ကူးယူမှု အသား
သေ နေတာကြောင့်ဖြစ်ပါတယ်။
ထိုင်းမှာ မြန်မာမှုလက်ရာတွေကို မြန်မာတွေကို ခေါ်လုပ်
ခိုင်းပြီး ထိုင်းလက်ရာအဖြစ် ရောင်းစားနေတဲ့သူတွေလည်း
ရှိပါတယ်။ ယိုးဒယား ယဉ်ကျေးမှုဌာနက
မြန်မာ့ ဒီဇိုင်းတွေကို ခိုးယူပြီး ကမ္ဘာကို ထိုင်း
ယဉ်ကျေးမှုဖြစ်ကြောင်း ဗြောင်လိမ်နေပေမယ့် မြန်မာ့
ယဉ်ကျေးမှုဌာနကတော့ ဘုရားပုထိုးများနဲ့ ယဉ်ကျေးမှု
လက်ရာများကို လေဘယ်တောင် မှန်အောင် မထိုး
နိုင်ရှာကြပါဘူး။ ဒါတောင်မှ မြန်မာ့မြေမှာ အထောက်
အထား လက်ရာတွေ အများအပြားကျန်နေသေးလို့
ထိုင်းတွေ လုပ်ချင်တိုင်း လုပ်မရကြသေးတာပါ။
ယိုဒယားတွေရဲ့ အစောဆုံး အယုဒ္ဓယခေတ်ဟာ
ပုဂံယဉ်ကျေးမှုကို ပုံတူကူးနေထိုင်ခဲ့တယ်ဆိုတာကို
မသိသူများကတော့ ယိုးဒယားပန်း ယိုးဒယား ကနုတ်
ဆိုတာတွေဟာ ပုဂံပန်း ပုဂံကနုတ်တွေ ဖြစ်ကြောင်း
မသိကြတော့ပါဘူး။ အနော်ရထာကျေးဇူးကြောင့်
ထီးနန်းအကြောင်း ကျုံး မြို့ရိုး အကြောင်း၊ အဘိသိက်
ခံပုံအကြောင်း၊ အုပ်ချုပ်ရေး ပညာရေးနဲ့ စစ်ပညာ
အကြောင်း၊အဆင့်မြင့် လူ့ယဉ်ကျေးမှု အကြောင်း၊ ဗုဒ္ဓ
သာသာနာအကြောင်း(မူလက ထိုင်းတွေဟာ ဒွါရာဝတီ
မွန်တွေလိုပဲ သျှီဝရဲ့ လိင်အင်္ဂါကို ကိုးကွယ်ကြတာပါ။
အခုအထိလည်း ကိုးကွယ်နေကြတုန်းပါပဲ) လက်ဝှေ့အကြောင်း၊ ခြင်းလုံးအကြောင်း သိပြီး လူဖြစ်
လာရတဲ့ ထိုင်းတွေဟာ အခုကာလမှာတော့
မြန်မာပြည်ကမှောင်ခိုထွက်သွားတဲ့ ဆင်းတုတော်ကအစ
ထိုင်း လက်ရာအဖြစ် ပြတိုက် ပြခန်းတွေပြသပြီး လုပ်ကြံ
ရောင်းချနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် AD-7-9ရာစု မွန် တွေရဲ့ မူလ ရာမညဌာန
ယဉ်ကျေးမှုဖြစ်တဲ့ ဒွါရာဝတီ(လင်ဖုန်း)နဲ့၊
လဝ ခေါ် ဝ တွေရဲ့ ယဉ်ကျေးမှုဖြစ်တဲ့
လဝပူရ(လော့ပူရီ) အထောက်အထားတွေကိုလည်း
ထိုင်းယဉ်ကျေးမှု အဖြစ် အဓမ္မသိမ်းပိုက်လိုက်ပါပြီ။
မွန် နဲ့ ဝ တွေဟာ ဘာသံမှ မထွက်နိုင်တော့ပါဘူး။
မြန်မာတွေဟာ မွန်နဲ့ဝ တွေလို ငြိမ်ခံနေရင်တော့
ပုသိမ်ထီးကိုပါ ထိုင်းယဉ်ကျေးမှု လုပ်လာတာထက်
ဆိုးတဲ့ အဖြစ်အပျက်တွေ ရှေ့လျောက် ဖြစ်လာတော့မှာ
အသေအချာပါပဲ။
…………………………………………………………………။
Crd. .မြန်မာ့သမိုင်းအချက်အလက်များ