WiFi 6 ကို Device တွေအကုန်လုံးအသုံးပြုလို့ရပြီလား
WiFi6 အကြောင်းအကျဉ်းချုပ်ကို
ကျွန်တော်ရေးထားတဲ့ Ruijie Cloud ကို ကျွမ်းကျင်စွာ
အသုံးပြုချင်းဆိုတဲ့စာအုပ်မှာတော့ မိတ်ဆက်သဘောမျိုးတော့
ရေးထားခဲ့ပါသေးတယ်။
အခုပြောပြမယ့်အကြောင်းအရာက
802.11ax ဆိုတဲ့ WiFi6 ကို
ကျွန်တော်တို့တွေအပြည့်အဝအသုံးပြုလို့ရပြီလား
သူ့ကိုအသုံးပြုဖို့ရန်ဘယ်လို Device တွေလိုအပ်မလဲ
ကျွန်တော်တို့ရဲ့ Phone တွေ၊ Computer တွေမှာရော
အဆင်သင့်အသုံးပြုလို့ရပြီလား
စတဲ့အကြောင်းအရာတွေကို
ဖော်ပြပေးသွားမှာပါ။
WiFi6 ဆိုတာ
Wi-Fi 6 ကိုတော့ ဒီနှစ် 2019 မှာ စတင်မိတ်ဆက်ခဲ့ပါသည်။
အရင်နည်းပညာထက် ကွာခြားချက်ကို
အတိုချုံးပြီးပြောရရင်.....
- 4 times Higher Performance
- 4 times Greater Capacity
- 3 times Faster Speed
- Larger Coverage
ဆိုတဲ့ experience အသစ်တွေ ရရှိပါလိမ့်မည်။
WiFi6 ရနိုင်တဲ့ Brand တွေကဘာတွေလဲ
TP-Link’s
NETGEAR
Asus နဲ့
Ruijie
အစရှိတဲ့Brand တွေမှာ
WiFi6 ကို Support ပေးနိုင်တဲ့
Router တွေ APs ကိုဝယ်ယူနိုင်ပါတယ်။
WiFi6 ကို ဘယ်လို Device တွေပဲ အသုံးပြုလို့
ရနိုင်လဲ
စျေးကွက်မှာရှိတဲ့ Smart Phone ၊ Laptop နဲ့
Tablet အများစုကတော့
WiFi6 ကို Support မပေးနိုင်သေးပါဘူး။
WiFi6 Device တွေသုံးလဲ မြန်နှုန်းကတော့
WiFi4 Speed(802.11n) သို့မဟုတ်
WiFi5 Speed ဖြစ်တဲ့(802.11ac)
မြန်နှုန်းတွေလောက်ပဲရရှိမှာပါ။
ဆိုလိုတာက WiFi6 Device ကြီးဝယ်ထားပြီးတော့
ကိုယ်အသုံးပြုတဲ့ Device က WiFi6 ကို Support
မပေးနိုင်ရင်အကျိုးမဲ့တဲ့ဝယ်ယူမှုပဲဖြစ်မှာပါ။
𝗔𝗽𝗽𝗹𝗲’𝘀 𝗶𝗣𝗵𝗼𝗻𝗲 11, 𝗶𝗣𝗵𝗼𝗻𝗲 11 𝗣𝗿𝗼, နဲ့
𝗶𝗣𝗵𝗼𝗻𝗲 11 𝗣𝗿𝗼 𝗠𝗮𝘅 တွေကတော့ 𝗪𝗶-𝗙𝗶 6
ကို Support ပေးလို့အသုံးပြုနိုင်ပါတယ်။
Appleရဲ့အရင်ကထွက်ခဲ့တဲ့ iphone တွေကတော့
စိတ်မကောင်းစွာပဲ WiFi6ကို Support မပေးပါဘူး။
Apple အနေနဲ့သူ့ရဲ့ ထုတ်ကုန်များဖြစ်တဲ့
ipad သို့မဟုတ် Macbook များတွင်
WiFi6 ကို အသုံးပြုနိုင်ပြီလို့ တရားဝင်တော့
မကြော်ငြာသေးပါဘူး။
တချို့Andriod Phone တွေမှာတော့ WiFi6 ကို
အသုံးပြုလို့ရပေမယ့် တကယ့်ကိုအနည်းငယ်သော
Brand တွေမှာသာအသုံးပြုနိုင်ပါသေးတယ်။
WiFi6 ကို အသုံးပြုနိုင်တဲ့ Andriod Phone
အမျိုးအစားကတော့
Huawei P40 Pro
LG V60 ThinQ
Motorola Edge Plus
OnePlus 8 and 8 Pro
Samsung Galaxy S10 and S10E
Samsung Galaxy Note 10
Samsung Galaxy S20
Samsung Galaxy Fold
(မှတ်ချက် ။ ။ အခုနောက်ပိုင်းထပ်ထွက်ထားတဲ့
Xiaomi Redmi K30 5G Smart Phone ကလဲ
WiFi6 ကိုအသုံးပြုလို့ရပါတယ်။)
Laptop အများစုတွင်လဲ WiFi6 ကို အသုံးပြုလို့မရနိုင်
သေးပါဘူး။ ဒါပေမယ့် Wi-Fi6 ကိုအသုံးပြုနိုင်တဲ့
Laptop တွေကတော့
Asus Chromebook Flip c436
Dell XPS 13 (2020)
HP Spectre x360
Lenovo Yoga c940
LG Gram 17
Microsoft Surface Laptop
Intel ရဲ့ 10th Generation
(Ice Lake) သည်လဲ WiFi6 အသုံးပြုနိုင်တဲ့
အကောင်းဆုံး Architecture ဖြစ်ပါတယ်။
အခြားသော Device တွေကတော့ WiFi6 ကို Support
မပေးနိုင်သေးပါဘူး။တကယ်တော့ WiFi6 ဟာ နည်းပညာအရ
ရှိနေသော်လဲသူ့ကိုအပြည့်အဝအသုံးပြုနိုင်တဲ့ Device တွေက
တော့အတော့်ကိုနည်းပါးနေသေးပြီး၊အသုံးပြုလို့ရနိုင်တဲ့ Device တွေကလဲစျေးနှုန်းမြင့်မားနေပါသေးတယ်။
WiFi6 ကို အသုံးပြုဖို့ သင့်အိမ်မှာရှိတဲ့ Smart Device
တွေအကုန်လုံးကိုအဆင့်မြှင့်တင်ရင်တောင်
အသုံးပြုဖို့ခက်ခဲနေတုန်းပါပဲ။
သင့်ရဲ့Desktop Computer WiFi6 အသုံးပြုဖို့
အဆင့်မြှင့်တင်မယ်ဆိုရင်တော့
Wi-Fi 6 module အနည်းငယ်သာရှိပြီး AMD စနစ်
အတွက်ထောက်ပံ့မှုများသည်ယခုအချိန်အထိမရရှိသေးပါဘူး။
ဒါပေမယ့် သင့်ဆီမှာ 64-bit Intel Processor ဖြင့်
အသုံးပြုတဲ့ device ရှိပါက Intel နဲ့ Killer Networking
Card များဖြင့် အဆင့်မြှင့်တင်လို့ရပါတယ်။
သင့်တွင် Desktop Computer ရှိပါက PCIe Slot တွင်
ထည့်သွင်းအသုံးပြုနိုင်တဲ့ Networkcard တွေရှိပါတယ်။
Laptop Computer များတွင်တော့
M2 Slot တွင်သင့်တော်တဲ့Module Card ကို စိုက်ပြီး
အသုံးပြုလို့ရပါတယ်။
Killer Networking နှင့် Intel မှလက်တလော
ရရှိနိုင်တဲ့ Wi-Fi6 Modules များမှာ Laptopများတွင်
WiFi6 Modules M2 Cards များဖြစ်ပြီး
Desktop M2 Slot များတွင်တော့ အလုပ်မလုပ်နိုင်ပါဘူး။
Desktop မှာအသုံးပြုချင်တယ်ဆိုရင်တော့
WiFiM6 Modules M2 Card ကို
PCIe Adapter နဲ့ချိတ်ဆက်သုံးလို့ရပါတယ်။
M2 Card ကို PCIe adapter ရဲ့
Converter Slot တွင်စိုက်ပြီး
Mother Board ပေါ်က PCIe Slot တွင်
တပ်ပြီးအသုံးပြုလို့ရပါတယ်။
WiFi6 ကကောင်းပါတယ်။ ဒါကငြင်းစရာမရှိပါဘူး။
Wi-Fi6 က နည်းပညာအသစ်၊ ပိုမိုမြန်ဆန်တဲ့
Wi-Fi Version ဖြစ်ပြီး နောက်ဆုံးတွင်
Wi-Fi5 (802.11ac) နှင့်
Wi-Fi4 (802.11n)ကဲ့သို့ပင်
Wi-Fi6(802.11ax) သည်လဲ
စံ device ဖြစ်လာမှာပါ။
နည်းပညာတွေတိုးတက်လာတာနဲ့အမျှ
ပိုမိုကောင်းမွန်သော
ပိုမိုမြန်ဆန်သော
Wi-Fi6 ကို အသုံးပြုဖို့
စျေးနှုန်းသက်သာတဲ့
Wi-Fi6 ကို Support ပေးသော
Devices များကိုအသုံးပြုဖို့
အချိန်တစ်ခုတော့ စောင့်ရပါလိမ့်မယ်။
#အောင်လင်း