သခွားသီးရဲ့ အံ့သြဖွယ်ရာ အစွမ်းသတ္တိ

သခွားသီးရဲ့ အံ့သြဖွယ်ရာ အစွမ်းသတ္တိ


 သခွားသီးဟာ ရေဓါတ်ပါဝင်မှု ၉၅ ရာခိုင်နှုန်းဖြစ်တာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပြီး ဇီဝဖြစ်စဉ်ကိုပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ သခွားသီးက ဗိုက်အဆီကိုကျစေနိုင်ပါတယ်။ သခွားသီးကို သရေစာလိုစားပေးရင် အဆီဓါတ်လုံးဝမပါဘဲ ကယ်လိုရီနည်းတာကြောင့် အသုံးဝင်လှပါတယ်။ လီမွန်၊ ချင်း၊ ရှားစောင်းလက်ပပ် စတာတွေနဲ့ရောပြီး ဖျော်သောက်လည်းရပါတယ်။




သခွားသီးရဲ့ တခြားအစွမ်းအာနိသင်တွေကို ကြည့်ရအောင်။


(၁) ခန္ဓါကိုယ်အဆိပ်အတောက်ဖယ်ရှားသန့်စင်ပြီး ဗိုက်ပွခြင်းကိုသက်သာစေတယ်

ဗိုက်ပွနေပြီဆိုရင် ခန္ဓါကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပစ်ဖို့လိုနေပါပြီ။ သခွားသီးစေ့ရဲ့အာနိသင်က အသုံးဝင်ပါပြီ။ ဆီးရွှင်စေတယ်ဆိုတော့ ပိုလျှံနေတဲ့ရေဓါတ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ အစာအိမ်ကြွက်သားတောင့်တင်းခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။


(၂) ဝမ်းချုပ်သက်သာစေတယ်

အစာမကြေတာ၊ ဝမ်းချုပ်နေတာတွေဆို သခွားသီးစားပါ။ ရေဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် အူကိုရှင်းစေပြီး ဝမ်းချုပ်သက်သာစေမှာပါ။


(၃) ဗိုက်အောင့်သက်သာစေတယ်

အစာအိမ်ရောဂါဖြစ်ရင် ဗိုက်ပွ၊ဗိုက်အောင့်တာတွေဖြစ်စေနိုင်ပါတယ်။ သခွားသီးက ရောင်ရမ်းမှုကို လျာ့ကျစေပြီး အစာအိမ်နံရံတွေနာကျင်မှုကို သက်သာစေပါတယ်။


(၄) အဆီဓါတ်မပါဘဲ ခွန်အားဖြစ်စေတယ်

ဝိတ်ချအစီအစဉ်အောင်မအောင်ဆိုတာ အဆီဓါတ်စားသုံးမှုပမာဏကို မူတည်ပါတယ်။ ကယ်လိုရီတွေမများရပါဘူး။ ဝိတ်ချပြီဆိုရင် သခွားသီးကိုလည်း အဆာပြေစားလို့ရပါတယ်။ ခွန်အားဖြစ်စေပါတယ်။ ချိစ်တော့ မထည့်နဲ့ပေါ့။


(၅) ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓါတ်ကျဆင်းစေတယ်

သခွားသီးက မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပြီး အကျိုးပြုကိုလက်စထရောတွေကို အားပေးပါတယ်။ အီသနောပါဝင်မှုကြောင့်လည်း သွေးတွင်းသကြားဓါတ်ကို သိသိသာသာလျော့ကျစေပါတယ်။


ဗိုက်အဆီကျစေမယ့် သခွားသီးဖျော်ရည်


အသီးအနှံတွေရဲ့အာဟာရဓါတ်အပြည့်အဝရရှိချင်ရင် ဖျော်ရည်လုပ်သောက်တာ အကောင်းဆုံးပါပဲ။ သခွားသီး detox က ကိုယ်အလေးချိန်ကျဖို့အပြင် အသားအရေကြည်လင်လှပဖို့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။


သခွားသီး detox ဘယ်လိုလုပ်မလဲ


လှီးဖြတ်ထားတဲ့ သခွားသီးတစ်လုံး

သံပရာသီးတစ်လုံးအရည်ညှစ်ထားပါ

ခြစ်ထားတဲ့ ချင်း လက်ဖက်ရည်တစ်ဇွန်းစာ

ပူစီနံ အနည်းငယ်

ရှားစောင်းလက်ပပ်ရည် ၂ ဇွန်း

ရေတစ်ခွက် နဲ့ လုပ်လို့ရပါတယ်။


သခွားသီးရဲ့ အံ့သြဖွယ်ရာ အစွမ်းသတ္တိတွေ


ဘယ်နေရာမှာဖြစ်ဖြစ် အလွယ်တကူရှာဖွေဝယ်ယူနိုင်တဲ့ သခွားသီးရဲ့ အစွမ်းသတ္တိတွေနဲ့ အသုံးပြုလို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ တကယ်တော့ များသောအားဖြင့် ယောကျာ်းလေးတွေဟာ ခက်ခက်ခဲခဲ နည်းလမ်းတွေနဲ့ ကိုယ့်အသားအရေကို ထိန်းသိမ်းဖို့ ပျင်းတတ်ကြပါတယ်။ ဒီတော့ အလွယ်တကူရရှိနိုင်တဲ့ သခွားသီးနဲ့ ဘယ်လိုတွေ အသားအရေထိန်းသိမ်းလို့ ရနိုင်မလဲဆိုတာ ပြောပြပါရစေ။


သခွားသီးရဲ့ ဂုဏ်သတ္တိသခွားသီးဟာ ရေဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ သခွားသီးမှာ Vitamin B5 ပါဝင်တာကြောင့် ဝက်ခြံပေါက်တာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။ ဗီတာမင်ကေနဲ့ ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်တာကြောင့် သခွားသီးကို စားပေးသင့်ပါတယ်။


မျက်လုံးညောင်းတာနဲ့ မျက်ကွင်းညိုတာတွေလည်း သက်သာစေနိုင်မျက်လုံးတွေ ညောင်းညာကိုက်ခဲတာ၊ မျက်လုံးတွေ ကျိန်းစပ်တာတွေနဲ့ မျက်ကွင်းညိုတာတွေ ဖြစ်ခဲ့မယ်ဆိုရင်လည်း သခွားသီးကို အဝိုင်းလေးတွေကွင်းပြီး မျက်ခွံပေါ် ၅ မိနစ်လောက် တင်ထားပါ။ မျက်လုံးညောင်းတာ၊ မျက်ကွင်းညိုတာတွေကို သက်သာသွားစေပါတယ်။


- သခွားသီး Mask

အလုပ်ရှုပ်မခံနိုင်လို့ ဒိန်ချဉ်သခွား မလုပ်ချင်ဘူးဆိုရင်လည်း သခွားသီးတွေကိုပဲ အကွင်းလိုက်လေးလှီးပြီး မျက်နှာပြင်အနှံ့ ကပ်ထားလို့ ရပါတယ်။