ထောပတ်သီးဟာ အရသာရှိပြီး စားလို့ကောင်းတဲ့ အသီးတစ်သီးဖြစ်ရုံသာမကပဲ အာဟာရဓာတ်ကြွယ်ဝတဲ့အသီးတစ်သီးပါ။
ထောပတ်သီးရဲ့ အာဟာရတန်ဖိုးတွေနဲ့ပတ်သတ်လို့ ဖော်ပြပေးလိုက်ပါတယ်။ ထောပတ်သီးဟာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ် (၂၀) လောက်ပါဝင်တဲ့ အာဟာရကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်။
ထောပတ်သီးက ကူးစက်ရောဂါတွေကို ခုခံကာကွယ်ရာမှာအထောက်အကူဖြစ်စေတဲ့ Vitamins B ကို ရရှိစေတဲ့ Good Source တခုဖြစ်သလို ထောပတ်သီးမှာ ပါဝင်တဲ့ Vitamins C၊ Vitamins E တို့က ကင်ဆာရောဂါကာကွယ်မှုကို အထောက်အပံ့ဖြစ်စေပါတယ်။
ထောပတ်သီးမှာပါဝင်တဲ့ အဆီဓာတ် (Monounsaturated Fat) က ခန္ဓာကိုယ်အတွက်ကောင်းတဲ့ Good Cholesterol တစ်မျိုးပါပဲ။ ထောပတ်သီးကို သင့်တင့်မျှတစွာ စားပေးရုံနဲ့ သွေးတွင်းက မကောင်းတဲ့ Bad Cholesterol တွေကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကုိလည် အထူးအထောက်အကူပြုပါတယ်။
ထောပတ်သီးမှာ သွေးပေါင်ချိန်ကို ထိန်းနိုင်စေမယ့် ပိုတက်ဆီယမ်များစွာပါဝင်တာကြောင့် သွေးတိုးကာကွယ်ပေးပါတယ်။ စိတ်ကိုကြည်စေတယ် တည်ငြိမ်စေတာတွေအပြင် စိတ်ကျခြင်း (Depression) အတွက် များစွာအထောက်အကူပြုတဲ့ tryptophan တို့ပါဝင်ပါတယ်။
ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေအတွက်ရော ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ပါ ကောင်းမွန်တဲ့ Folate တွေပါဝင်ပါတယ်။ ထောပတ်သီးဟာ သကြားပါဝင်မှုနည်းပြီး အမျှင်ဓာတ်(Fiber) များစွာပါဝင်တာကြောင့် နည်းနည်းလေးစားရုံနဲ့ ဗိုက်ဝတဲ့ခံစားမှုကိုရစေပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာတစ်ခုပါ။
အမျှင်ဓာတ်က အစာချေဖျက်မှုကိုလည်းကောင်းမွန်စေတာကြောင့် ထောပတ်သီဟာ ဆီး၊ ဝမ်း မှန်စေပါတယ်။
ထောပတ်သီးဟာ အရိုးအကြောကို အထောက်အကူပြုသလို အသားအရေကိုလည်းကောင်းမွန်စေပါတယ်။
ပြီးေတာ့ ဦးနောက်နဲ့ မှတ်ဥာဏ်ကိုကောင်းမွန်စေတဲ့ antioxidant၊ မျက်စိကျန်းမာရေးအတွက်ကောင်းမွန်တဲ့ Lutein စတဲ့ အာဟာရတန်ဖိုးများစွာ ထောပတ်သီးမှာ ပါဝင်ပါတယ်။
ထောပတ်သီးက ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အသီးဆိုပေမယ့် တန်ဆေးလွန်ဘေးမို့ အလွန်အကျွန်မစားသုံးသင့်ပါဘူး။
လူတစ်ဦးအတွက် နေ့စဉ် ထောပတ်သီး ၁၀၀ ဂရမ်(အလတ်အစားအရွယ် ထောပတ်သီး တစ်ခြမ်း) ကို စားသုံးရုံဖြင့်တောင် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။
ထောပတ်သီးဟာ မြန်မာနိုင်ငံမှာဆိုရင် တောင်တန်းဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ကနေ အမျိုးအစားစုံစွာထွက်ပြီးတော့ ပြည်တွင်းထွက်သီးနှံထုတ်ကုန်တစ်ခုဖြစ်ပါတယ်။
ထောပတ်သီးရာသီလည်းရောက်ပြီး ထောပတ်သီရဲ့ အာဟာရတန်ဖိုးတွေအကြောင်းလည်းသိပြီးပြီမို့ ထောပတ်သီးကို အစာလည်းဆေးအဖြစ် စားကြဖို့တိုက်တွန်းလိုပါတယ်။
Credit Content Writer....