ပုံပြင် (၁)
တစ်ခါက ယုန်ဖြူလေးတစ်ကောင်က တောင်ခြေက လှိုဏ်ဂူ တစ်ခုရှေ့မှာ စာရေးနေတယ်။ အဲဒီအချိန်မှာ မြေခွေးတစ်ကောင်က ရောက်လာပြီး . ယုန်ကိုမေးတယ် ။
“မင်း ဘာအကြောင်းတွေ ရေးနေတာလဲ”
ယုန်လေးက ပြန်ဖြေတယ်။
“အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကို ဘယ်လိုသတ်စားလိုက်တယ်ဆိုတဲ့ အကြောင်းပါ”
မြေခွေးက အဲဒီစကားကို မယုံဘူး … ဒါနဲ့ မြေခွေးကို လှိုဏ်ဂူထဲခေါ်သွားတယ်။ ခဏကြာတော့ ယုန်တစ်ကောင်တည်း လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်။
စာဆက်ရေးနေတယ်။
တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်။ “မင်းဘာအကြောင်း ရေးနေတာလဲ”
“အားနွဲ့တဲ့ ယုန်ဖြူလေးတစ်ကောင်က တောဝက်ကြီးကို ဘယ်လိုသတ်စားလိုက်တယ်ဆိုတဲ့အကြောင်းပါ”
တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကို လှိုဏ်ဂူထဲ ခေါ်သွားတယ်။
နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုး စုနဲ့ တောဝက်အရိုးစုကြားထဲမှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ အင်မတန် ရွှင်ပြုံးတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေးလာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်။
ဝန်ထမ်းတစ်ဦးရဲ့ စွမ်းရည်က
သူဌေးအပေါ်လည်း အများကြီးမူတည်ပါတယ်။
ဒဿန
လူတစ်ယောက်ရဲ့ စွမ်းရည်ရှိ မရှိထက် အဲဒီလူက ဘယ်သူနဲ့ လက်တွဲလုပ်နေသလဲအပေါ် မူတည်တယ်။ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင် အလကားပဲ။ တစ်ခါတလေ စိုက်ထုတ်မှုထက်၊ ရွေးချယ်မှုက အများကြီး အရေးပါတယ်။ တစ်ချက်အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှ အချည်းနှီးပဲ .. သင်ရွေးချယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Background ကောင်းရဲ့လား။
~~~~~~~~~~~~~~~~
ပုံပြင် (၂)
ယုန်ဖြူလေးက ဒီအကြောင်းကို သူ့ သူငယ်ချင်းကို လွှတ်ခနဲ ပြောမိလိုက်တယ်။ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်။ ခြင်္သေ့ကြီးက ဒေါသအရမ်းထွက်သွားတာပေါ့။ “တစ်ပတ်အတွင်း ကို အတပို့ပေးနိုင်ရင် မင်းကို သတ်စား ပစ်မယ်”
လို့. ခြိမ်းခြောက်တယ်။ ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ ဆက်ရေးတယ်။ ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကို မေးတယ်။
“မင်း ဘာအကြောင်းတွေ ရေးနေတာလဲ” “အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကို ဘယ်လိုသတ်စားတယ်ဆိုတဲ့ အကြောင်းလေ။"
ဒရယ်က တဟက်ဟက်နဲ့ ရယ်ပြီးပြန်ပြောတယ်။ “တစ်တောလုံး တစ်တောင်လုံး ဒီအကြောင်းသိနေကြပြီကွ၊ မင်းအကွက်က ရိုးနေပြီ ဒါတွေ မြို့မှာသွားပြော”
ယုန်ကပြန်ဖြေတယ်။
“အဲဒီလို တစ်တောတစ်တောင်လုံး သိကုန်လို့ ပေါ့ ကိုဒရယ် ကြီးရယ်၊ ခြင်္သေ့က ကျွန်တော့်ကို အလုပ်ဖြုတ်ပစ်မယ်လုပ်နေ တယ်။ ကျွန်တော့်အစား အခြားတစ်ယောက်လိုတယ်တဲ့။ ကိုဒရယ် ကြီး ဒီရာထူးကို မလိုချင်ဘူးလား”
ဒရယ် တွေဝေသွားတယ်။ နောက် လက်ခံလိုက်တယ်၊ ယုန်နဲ ့တူတူ လှိုဏ်ဂူထဲဝင်ပြီး ခြင်္သေ့ကြီးကို သွားတွေ့ဖို့ ဆုံးဖြတ် လိုက်တယ်။ ခဏကြာတော့ ယုန်တစ်ကောင်တည်း လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်။
စာဆက်ရေးတယ်။
မြင်းတစ်ကောင် ထပ်လာတယ်၊ ခုနလိုပဲပြောပြီး အထဲထပ်ခေါ် သွားတယ်။ နောက်ဆုံးလှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန် ရှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင် ယုန်ကလေးလာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်။
ဘယ်လို အခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေအတွက် ရလဒ်ဆိုတာ ရှိစမြဲပါ။
ဒဿန
မိမိတို့ ရုံးကကိစ္စ အပြင်ပေါက်ကြားတာနဲ ၊ ပေါက်ကြားမိရင် အလားတူအတိုင်း အစွမ်းထက်တဲ့နည်းနဲ့ အမြန်ဆုံး ပြန်ဖာထေးသင့်တယ်။ ဝန်ထမ်းကောင်က သူဌေးအတွက် တီထွင်ဖန်တီးမှုအိုင်ဒီယာ အမြဲရှိနေရမယ်။
သူဌေးက မင်းဖန်တီးတဲ့လမ်းကို နှစ်ခြိုက်နေပြီဆိုရင်တော့ မင်းရဲ့ပန်းတိုင်ဟာ မဝေးတော့ပါဘူး။
~~~~~~~~~~~~~~~~
ပုံပြင် (၃)
ခြင်္သေ့ကြီးက တစ်နေ့တခြား ပိုပိုကြီးထွားလာတယ်။ ယုန် ကလေးဆက်သတဲ့ အစာကို သူစားရတာမဝတော့ဘူး၊ ဒါနဲ့ ယုန်ကို ထပ်ခြိမ်းခြောက်တယ်။
“ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ၊ ခါတိုင်း လေးရက်ကို တစ်ကောင်စားတယ်၊ အခု နှစ်ရက်တစ်ကောင် စားမယ်၊ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူး ဆိုရင် ငါ မင်းကို သက်စားရလိမ့်မယ်”
ဒါနဲ့ ယုန်က လှိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲ ပြေးဝင်သွားတယ်။ တစ်နေရာရောက်တော့ တောင်ဆိတ်နဲ့ တွေ့တယ်။
“အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကို သတ် စားလိုက်တာယုံလား”
တောင်ဆိတ် မယုံဘူး၊ ဒါနဲ့တောင်ဆိတ်ကို လှိုဏ်ဂူထဲထိ လမ်းပြခေါ်သွားတယ်။ ခဏကြာတော့ ယုန်တစ်ကောင်တည်း ထွက်လာတယ်။ ခုနလိုပဲ တောနက်ထဲ ထပ်ဝင်သွားတယ်။ သိုး တစ်ကောင်နဲ့ ထပ်တွေ့တယ်။ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံ ဖြစ်ပွားတယ်ပေါ့။
လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ခြင်္သေ့တို့အကြောင်း ကို မသိကြသေးဘူးတဲ့။ လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန် ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေးလာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်။
အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်း ပြောင်းခြင်းရဲ့ တိုးတက်မှု။
ဒဿန
ဈေးကွက်ကို မနားတမ်းထိုးဖောက်ပါ။ မတူညီတဲ့နေရာဒေသကို လုပ်ငန်းထိုးဆောက်ခြင်းဟာ မထင် မှတ်တဲ့ ရလဒ်ကောင်းတွေ ရနိုင်တယ်ဆိုတာယုံပါ။ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက် ထသွားကြည့်ပါ။
~~~~~~~~~~~~~~~~
ပုံပြင် (၄)
အချိန်ကာလတွေ ကြာလာတာနဲ့ တစ်ပြိုင်နက် စားလိုက် အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တစ်နေ့တခြား ဝဝလာတယ်။
ဒါနဲ့ အပြင်ထွက် လမ်းလျှောက်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဂူဝလည်းရောက်ရော၊ သူ့ကိုယ်လုံးက ဂူဝထက် မတရား ကြီးမားနေတာကို တွေ့ တယ်။ ဘယ်လိုမှ ထွက်လို့ မရတော့ဘူး။ ယုန်က ဂူဝကနေ ခြင်္သေ့အဖြစ်ကို ကြည့်ရင်း ရယ်ပြီး ပြောတယ်။
“နောက်ဆုံးတော့ ငါ့မျှော်လင့်နေတဲ့ရက်က ရောက်လာပြီပဲ၊ ဒီနေ့ကစပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တစ်နေ့ မနက်တစ်ခါ၊ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံပေးရမယ်နို့မို့ စားဖို့ အစာမပို့ပေးတော့ဘူး”
ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ
“ရပါတယ် ရပါတယ် ငါ့ကိုစားစရာသာ ပို့ပေးရင် မင်းဘာ ခိုင်းခိုင်း လုပ်ပေးပါ့မယ်”
ဒီအချိန်မှာ ယုန်ထပ်ရေးလိုက်တဲ့ စာကြောင်း တိုလေးကိုတွေ့ လိုက်ရတယ်။
“ဗျူဟာရဲ့အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့ သူကို ဝပ်တွားရတာပဲလေ”
ဒဿန
ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး၊ အဲအချိန်ကျရင် တခြားကုမ္ပဏီ ပြောင်း မလား၊ သူဌေးကို လစာပဲ တိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့၊ မင်းနာမည်က ဟိုးလေးတစ်ကျော်ကျော် ဖြစ်နေပြီလေ။
ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေး မလုပ်မိပါစေနဲ့၊ အမြဲ အပြင်လောကနဲ့ ထိတွေ့ ဆက်ဆံပါ။ ဝန်ထမ်းစပယ်ယာပတ်ကို ခန့်ပါ။ tongue emotion ပထမလူ တော်သလို ဒုတိယပညာသင် ဝန်ထမ်းကိုလည်း တော်အောင်လုပ်ပါစေ။ ဒါမှ နှစ်ယောက်စလုံး အလုပ်မြဲနေမှာပါ။
ဝန်ထမ်းဗိုလ်ကျတာ မခံချင်ရင် နားကိုစွင့်ပါ ဝန်ထမ်းထက် ကြိုမြင်တတ်ပါ။ ဒါမှမဟုတ်ရင် ဝန်ထမ်းပြန်ရောင်းစားတာ ခံရမှာအမှန်ပင်။
~~~~~~~~~~~~~~~~
ပုံပြင် (၅)
ယုန်ရဲ့ နာမည်က ကြီးသထက်ကြီးလာခဲ့တယ်။ တောထဲမှာ သူပြီးဘယ်သူမှ မရှိတော့ဘူး၊ ခြင်္သေ့ကတောင် သူ့ကို ကြောက်နေရတာ အားလုံးသိတယ်။
ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေကော။ အပေါ် အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့၊ နောက်ဆုံးတစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ ယုန်ကို မုဆိုးက အရှင်လတ်လတ် ထောင်ဖမ်းသွားတယ်။ ဂူဝမှာ စာတိုလေး ကပ်ထား ခဲ့တယ်။
တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်....
ဒဿန
မိမိကိုယ်မိမိ ဘဝမမေ့ပါစေနဲ့။
မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကို အသာလေး အလဲထိုးနိုင်မယ် ဆိုတာ သိထားပါ။ အောင်ခြေမလွတ်ပါနဲ့၊ မိမိထက် ရာထူး နိမ့်သောသူများကို တလေးတစား ဆက်ဆံပါ။ မမောက်မာပါနဲ့ ၊ တစ်ယောက်နဲ့ တစ်ယောက် ခြေထိုးခံရကိန်းရှိတယ်။
~~~~~~~~~~~~~~~~
(နိဂုံး)
တောထဲမှာ ပုံမှန်ပြန်ဖြစ်သွားတယ်။ ယုန်နဲ. ခြင်္သေ့မင်း အကြောင်းနဲ့ ယုန်က မြေခွေးကို စားတဲ့ပုံပြင်တွေလည်း မေ့ကုန်တယ်။ အရမ်းအရမ်းကို ကြာပြီးတဲ့နောက်မှာ ကျားပျို လေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်။ အရမ်းလည်း စိတ်အားထက်သန်တယ်။
မျောက်တစ်ကောင်ကို ဖမ်းလိုက်ပြီး အဲဒီလိုလုပ်ဇာတ်ဖန်တီး ကြမယ်မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်၊ မျောက် လည်း သဘောတူလိုက်တယ်။
ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူထဲ ဝင်သွားတယ်။ လှိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တယ်၊ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး၊ မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်
ကြည့်တယ်။ လတ်စသတ်တော့ မျောက်က လစ်သွားတာကြာပြီ။ မြေကြီးပေါ်မှာ စာတိုလေးထားခဲ့တယ်။
သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကို ဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင် လုပ်ပါဦး။
ဒဿန
လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး။ ခေတ်ကာလရဲ့ ပြောင်းလဲမှုအခွင့်အရေးနဲ့ အချိန်အပ်စပ်မှု ရှိ မရှိကို မသိဆဲရေးရိုးထုံးကြီး လမ်းစဉ်နောက်ကို လိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသေပင်။