၁။ အပျင်းကြီးခြင်း
လေ့လာမှုမရှိ၊ သင်ယူမှုမရှိ၊ ကြိုးစားမှုမရှိရင် အောင်မြင်တဲ့ ဘဝဆိုတာလည်းဝေးကွာနေပါလိမ့်မယ်။ လေ့လာမှု၊သင်ယူမှု၊ ကြိုးစားမှုတွေ ဖြစ်ပေါ်ဖို့ ဆိုတာ ဝီရိယရှိမှ ဖြစ်မှာပါ။ဒီအတွက် ပျင်းရိခြင်းကို ပယ်ဖျက်ပစ်ရပါမယ်။
၂။ အချိန်ကို စီမံခန့် ခွဲမှုမရှိခြင်း
အချိန်ဆိုတာ လူသားတိုင်း နေ့စဉ်နေ့တိုင်း အလကားရနေတဲ့အရာတစ်ခုပါ။ အောင်မြင်သူနဲ့ ကျရှုံးသူ၊ ချမ်းသာသူနဲ့ ဆင်းရဲသူဆိုတဲ့ မတူညီတဲ့ လူတန်းစားနှစ်ရပ်ကိုဖြစ်စေတာဟာ အချိန်အသုံးချမှု ကွာဟနေလို့ပဲ ဖြစ်ပါတယ်။ အချိန်ဆိုတာ
စနစ်တကျမသုံးတတ်ရင် ကိုယ်အောင်မြင်မှုကို အထောက်အကူမပြုပါဘူး။
၃။ဝင်ငွေထက်ထွက်ငွေပိုများခြင်း
ကိုယ်ရှာနိုင်တာထက် ကိုယ်သုံးတာက ပိုများနေရင်ငွေကြေး စုစည်းမှုဆိုတာ မရှိလာဘူး။လက်ထဲမှာ ငွေမရှိရင်ဒီထက်ကြီးမားတဲ့ လုပ်ငန်းတစ်ခုကို မတည်ဆောက်နိုင်ဘူး။လုပ်ငန်းမကြီးကျယ်ရင် ချမ်းသာတဲ့သူဌေးမဖြစ်နိုင်ဘူး။
၄။ လောင်းကစားအပျော်အပါးမက်ခြင်း
လောင်းကစားဆိုတာ မသေချာမှုတစ်ခုဖြစ်လို့ မတည်ငြိမ်တဲ့ အရာလည်းဖြစ်တယ်။ အရက်စတဲ့ မူးယစ်ဆေးဝါးနဲ့အပျော်အပါးတွေကတော့ လူကိုဖျက်ဆီးစေတဲ့အရာတွေပါ။ဒီတော့ ဆင်းရဲတွင်းကထွက်ချင်ရင် ဒီအချက်တွေကိုရှောင်ရ
ပါမယ်။
၅။ အသုံးနှင့်အဖြုန်းခွဲခြားမှုမရှိခြင်း
ယနေ့ခေတ်က အသစ်အသစ်သော ပစ္စည်းတွေ နေ့စဉ်ထွက်နေပါတယ်။ အားလုံးကလည်း လိုချင်တပ်မက်စရာတွေပါ။ဒါပေမဲ့ တကယ်မလိုအပ်တာတွေဝယ်ရင်တော့ အဲဒါ ဖြုန်းတာပါပဲ။ သုံးတယ်ဆိုတာက လိုအပ်ချက်ရှိမှ ဝယ်တာပါ။အဖြုန်းများနေရင်တော့ ချမ်းသာမှုဆိုတာ မရှိလာနိုင်ဘူး။
၆။ အကောင်းမြင်စိတ်မရှိခြင်း
အကောင်းမြင်စိတ်ဆိုတာ ကိုယ့်ကို လူချစ်ခင်စေသလို၊ ကိုယ့်စိတ်ကိုလည်း အေးချမ်းစေပါတယ်။ ဘဝခရီးလမ် အောင်မြင်မှုကိုလည်း အထောက်အကူဖြစ်စေပါ၏။ ဘာကြောင့် လဲဆိုတော့ အခက်အခဲပြဿနာတွေကို အကောင်းမြင်စိတ် ရှိသူက ဖြေရှင်းတတ်လို့ပါပဲ။
ရ။ ကိုယ်ကျင့်တရားအားနည်းခြင်း
လူတိုင်းမှာ ကိုယ်ကျင့်တရား ရှိပါ၏။ ဒါပေမဲ့ စံနှုန်းမှီတဲ့ ကိုယ်ကျင့်တရားကတော့ လူတိုင်းမှာ မရှိပါဘူး။ တခြားသူ မကြည့်ပါနဲ့။မိမိကိုယ်တိုင်သော်မှ ကိုယ်ကျင့်တရား ကောင်းတဲ့သူကိုယ်မှ အပေါင်းအသင်းလုပ်ချင်သေးတာဆိုတော့ချမ်းသာချင်ရင် ကိုယ်ကျင့်တရားကောင်းဖို့ လိုပါတယ်။
၈။ ကိုယ်နှုတ်အမူအရာ ရိုင်းစိုင်းခြင်း
လူတစ်ယောက်မှာ ပညာတတ်မတတ်ကို တခြားသူက အလွယ်တကူ မသိနိုင်ပေမဲ့ အနေအထိုင်မတတ် အပြောအဆို မတတ်ရင်တော့ လူအများစုက အလွယ်တကူ သိနိုင်ပါတယ်။ ကိုယ်ကြမ်း၊ နှုတ်ကြမ်းတဲ့သူကို ဘယ်သူကမှ မဆက်ဆံချင်ပါဘူး။ လူအများက မဆက်ဆံချင်တဲ့သူဟာလည်း မချမ်းသာနိုင်ပါဘူး။
၉။ မလုပ်ခင်ကကြောက်ရွံ့ တွေဝေခြင်း
အလုပ်တစ်ခုကို မလုပ်ခင်တည်းက “ဖြစ်ပါ့မလား” ဟု သံသယဝင်ခြင်း၊ ကြောက်ရွံ့ခြင်းဟာ မအောင်မြင်၊ မချမ်းသာ ခြင်းရဲ့ အခြေခံအကြောင်းရင်းတစ်ရပ်ဖြစ်လို့ ချမ်းသာချင်တဲ့သူဟာ အဲဒီစိတ် ဖျောက်ဖို့ လိုပါတယ်။