မလိုတာတွေ ထားခဲ့ပါ

 🌹မလိုတာတွေ ထားခဲ့ပါ !🌹

_____________________


ကိုယ့်ကို မလိုအပ်လို့ ... 

ကျောခိုင်းသွားတဲ့ လူတွေ၊


ကိုယ့်ကို မလိုအပ်လို့ ... 

လမ်းခွဲသွားတဲ့ လူတွေ၊


ကိုယ့်ကို မလိုအပ်လို့ ... 

စွန့်ပစ်ထားသွားတဲ့ လူတွေ၊


ကိုယ့်ကို မလိုအပ်လို့ ... 

အထင်သေးနေတဲ့ လူတွေ၊


ကိုယ့်ကို မကောင်းကြောင်း

ပြောနေတဲ့ လူတွေ၊


ကိုယ့်ကို 

ကဲ့ရဲ့ဝေဖန်နေတဲ့ လူတွေ၊


ကိုယ့်ကို

နာကျင်အောင်လုပ်သွားတဲ့ လူတွေ၊


ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကို

မကောင်းသတင်း ပြောနေတဲ့ သူတွေ၊


ကိုယ့်ကို ...  ပူလောင်စေချင်တဲ့ သူတွေ၊


ကိုယ့်ကို မလိုအပ်လို့ အမြဲတမ်း မုန်းနေတဲ့သူတွေ၊


ကိုယ့်ကို ကျရှုံး လဲပြိုစေချင်တဲ့ သူတွေ၊


အဲဒီလူတွေအားလုံးဟာ

ကိုယ့်ဘဝအတွက် ဘာမှ အကျိုးမရှိသလို

ဘယ်နေရာမှလည်းမလိုအပ်တဲ့ သူတွေပါပဲ။


ဒါပေမယ့်

တစ်ခါတစ်ခါ လူတွေက

အဲဒီလူတွေ အကြောင်းကိုပဲ

အမြဲတမ်းလိုလို တွေးနေတတ်ကြတယ်။


ကိုယ့်အပေါ် မကောင်းတဲ့ သူတွေအကြောင်း

ကိုယ့်အပေါ် ပူလောင်စေတတ်တဲ့ လူတွေအကြောင်း

ကိုယ့်ကို မလိုအပ်လို့ ... 

နာကျင်စွာ ထားခဲ့တဲ့ သူတွေအကြောင်း


ဒါတွေကိုပဲ အချိန်တိုင်းလိုလို

စိတ်နာကျည်းချက်တွေနဲ့

တစိမ့်စိမ့် တွေးနေတတ်ကြတယ်၊


သူတို့ကြောင့် ကိုယ့်ဘဝကြီးပူလောင်ခဲ့ရမှန်း

သိသိကြီးနဲ့ပဲ ခဏ ခဏတွေးတယ်၊

ခဏ ခဏလည်း စဉ်းစားတယ် ။


ဒါက ဘယ်သူအပြစ် ဖြစ်မလဲ ?

စဉ်းစားကြည့် ... 


လူတွေဟာ ... 

ဘယ်လောက်ပဲ ချစ်ချစ်

ဘယ်လောက်ပဲ ခင်ခင်

တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့

အပြုံးနဲ့ လမ်းခွဲရမလား ?

အမုန်းနဲ့ လမ်းခွဲရမလား ?

တစ်ခုခုနဲ့တော့ ခွဲကြရမှာပဲလေ။


သူက ခွဲမလား? ကိုယ်က ခွဲမလား?

တစ်ယောက်ယောက်ကတော့

နူတ်ဆက်ကြရမှာပါပဲ။


ဒါဟာ တကယ်တန်းတော့

အထူးအဆန်း မဟုတ်ပါဘူး။


ဘယ်ဟာက အထူးအဆန်း

ဖြစ်မလဲ ဆိုရင်တော့ ... သူတစ်ပါးက

ကိုယ့်ကို ထားခဲ့ပါစေ ... 

ကိုယ့်ကို မုန်းစမ်းပါစေ ... 

ကိုယ့်ကို ဝေဖန်ကဲ့ရဲ့စမ်း ပါစေ။


အဲဒီသူတွေ အပေါ်မှာ

ကိုယ်က ဘယ်လိုစိတ် ထားမလဲ ?

ဘယ်လိုစိတ်နဲ့ တုံ့ပြန်မလဲ ? ဆိုတာက

အရေးကြီးပါတယ်။


နောက်ထပ် အများကြီး

ရှေ့ဆက်ရအုန်းမယ့် ကိုယ့်ဘဝက... 

မုန်းတဲ့သူတွေနဲ့ ရှေ့ဆက်သွားမှာလား ?


မကောင်းတဲ့ သူတွေနဲ့

ဆက်ပြီး ပေါင်းသင်းနေမှာလား ?


ဝေဖန်သူတွေကို ဒေါသနဲ့ပဲ

လက်တုံ့ပြန် နေမှာလား ?


ရန်လိုသူတွေကို ပြန်ရန်မူ နေမှာလား ?

မုန်းတဲ့သူတွေကို ပြန်မုန်းနေမှာလား ?


ကျရှုံးစေချင်တဲ့ သူတွေကို

အရှုံးပေးတော့ မှာလား ?


လမ်းခွဲသွားတဲ့ သူတွေကြောင့်

ဝမ်းနည်း နေမှာလား ?


သစ္စာမရှိတဲ့ သူတွေအကြောင်း

ခဏခဏ ပြန်တွေးနေမှာလား ?

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားပါ။


ကိုယ့်ကို တန်ဖိုးထားတဲ့ သူတွေ

မေတ္တာရှိကြတဲ့ သူတွေ

ဒီကမ္ဘာမှာ အများကြီး ရှိနေဦးမှာပါ။


မလိုလားတဲ့ သူတွေနဲ့ပဲ

ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ

မကုန်ပါစေနဲ့။


ကိုယ့်ဘဝအတွက် ... 

တကယ်မလိုအပ်တာ တွေကို

ထားခဲ့လိုက်ပါ။


ဝမ်းနည်းနှမြော

တသသ ဖြစ်မနေပါနဲ့။


အဲဒီသူတွေက ကိုယ့်ဘဝကို

ပူလောင်အောင်၊ စိတ်ပူပန်အောင်

မပျော်ရွှင်အောင် လုပ်နေတဲ့သူတွေပဲလေ။


တကယ်လိုအပ်တဲ့ သူတွေမှ မဟုတ်တာ။

ဘာအကြောင်းကြောင်းနဲ့မှ

သံယောဇဉ် တွယ်နေစရာ မလိုပါဘူး။


ကိုယ့်ဘဝအတွက်

ကောင်းသထက် ကောင်းအောင်

လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။


လေးနက်တဲ့ ပျော်ရွှင်မှုတွေနဲ့

ရှေ့ဆက်ချင်တယ် ဆိုရင်

ကိုယ့်ဘဝမှာ မလိုအပ်တာတွေ 

ထားခဲ့ဖို့ လိုအပ်ပါတယ်။


လွတ်လွတ်လပ်လပ်

ပေါ့ပေါ့ပါးပါး နေရတဲ့ဘဝကို

ရရှိပိုင်ဆိုင်ဖို့ ဆိုတာ လေးလံတဲ့ အရာတွေ

မလိုလာအပ်တဲ့ အရာတွေကို ချန်ထားခဲ့ဖို့

အပြည့်အဝ လိုအပ်ပါတယ် ။


ဒါကြောင့်

တွယ်တာရတဲ့ သံယောဇဉ်တွေ

ပူလောင်ရတဲ့ အာဃာတ အမုန်းတွေ

နာကျင်ရတဲ့ အငြိုးအတေးတွေကို

ခေတ္တခဏလေး မေ့မေ့

ဖျောက်ဖျောက် ထားကြည့်လိုက်ပါ။


တစ်ယောက်ထဲ နေကြည့်လိုက်ပါ။


လွတ်လပ်ပေါ့ပါးတဲ့ ဘဝ

အေးချမ်းတဲ့ ဘဝကို လက်တွေ့ကျကျ

ပိုင်ဆိုင် ရပါလိမ့်မယ် ____။


မျိုးဆက်သစ်အရှင်{ဖိုးလေးလုံး}



မေတ္တာဖြင့်

အရှင်ဝိသုတ(ညောင်တုန်း)

#Credit

--------------------------