ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ


ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား ပိုင်းဖြတ်ထားတဲ့ ဒန့်ဒလွန်ပိုင်းလေးတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်ပြီး အဖုံးအုပ်ထားပါ။


တစ်မိနစ်လောက်ဆိုရပြီ။


ပြီး ရေငှဲ့ပြီးရေအေးထဲစိမ်ထားပါ။


ပြီးရင်ဇကာနဲ့ရေစစ်ထားပါ။


ရေခြောက်ရင် အိတ်နဲ့ဖြစ်ဖြစ် ဗူးနဲ့ဖြစ်ဖြစ်သေချာ ပိတ်ပြီး ရေခဲသေတ္တာထဲသိမ်းထားပါ။


စားချင်တဲ့နေ့မှထုတ်ချက်စားနိုင်ပါတယ်။

လချီပြီးအထားခံပါတယ်နော်။


ကိုယ်လဲfb ကသူများသင်ပြတာ

ကြည့်ပြီးလိုက်လုပ်တာအဆင်ပြေလို့

ပြန်မျှဝေတာပါ။


Crd